နောက်ဆုံးတင်ခဲ့သမျှတွေကိုလေ့လာနိုင်ပါတယ်
-
Huawei C8813 Root ဖို့ လိုအပါဒါလေးကိုအောက်မှာဒေါင်းပါ
-
G510 U8951 4.1.1 Root လေးပါ လိုဒါကိုအောက်မှာဒေါင်းပါ
-
U8825D အတွက် ICS Firmware ကို ရှာမတွေ့တဲ့ သူတွေအတွက် ကျွန်တော် ရှာဖွေ ပြီး တင်ပေးလိုက်ပါတယ်… ယခုတဖန် အသစ်ပေးလိုက်တဲ့ Link တွေကိုြ...
-
U8833 Y300-0000 V4.1.1 Bulid number B170 Kernel 3.4.0 ပါ 100% စမ်းပြီးပါပြီ Y300-0000 Root ZIP ကိုဒီမှာဒေါင်းပါ
-
အရင်ဆုံး ပြောရရင် ဒီကိစ္စလေး အောင်မြင်ဖို့ ပြုလုပ်ခဲ့တဲ့ ကိုစိုးဝင်း နှင့် ကိုဖြိုးညီညီ အား Credit ပေးပါတယ် ဖုန်းပျက်စီးမှာ မကြောက်ပဲ...
-
Huawei G520-5000 CWM + Root လုပ်နည်း အပြည့်စုံ တင်ပေးလိုက်ပါတယ် လိုဒါလေးတွေ အရင် အောက်မှာဒေါင်းလိုက်ပါ G520-5000 Root + CWM ကိုဒီမှာဒေါင်းပ...
-
ဒီအမေး အဖြေ ကဏ္ဍလေး လုပ်ရတဲ့ အကြောင်းကတော့ ကျွန်တော့် သစ်ဆန်းခန့် ဘလော့ဂ် မှာ ပိုစ်တွေပဲ တင်ဖို့ စိတ်ကူးခဲ့ပေမယ့် မိတ်ဆွေ သူငယ်ချင်းများ စာဖ...
-
Viber အတွက် Code တောင်းရ ခက်နေတဲ့ သူတွေ ပြန်မပို့တဲ့သူတွေအတွက် Website ကနေ တောင်းဖို့ ဒီအောက်က Link လေးမှာ သွားရောက်တောင်းဆိုနိုင်ပါ...
-
U8825D & C8825D Unlock Code မတောင်းဘဲ Root နည်းကိုတင်ပေးလိုက်ပါတယ် လိုဒါလေးကိုအောက်မှာဒေါင်းပါ
-
U8661 V100R001C17B819SP01 U8661 (Android 2.3) V100R001C17B827(China Unicom)(05010VVE)
Biography of Myanmar Mobile App Site (www.myanmarmobileapp.com)
End-users ဖြစ်နေလို့ ၊ ဖုန်းနဲ့ပတ်သက်ပြီး ဘာမှမသိသေးဘူးလို့ စိတ်ထဲမှာ ကိုယ့်ကိုကိုယ်ထင်နေပြီးအားငယ်မနေဖို့နဲ့ ၊ လက်ရှိ မြန်မာဖုန်းလောကမှာ လူကြည့်အများဆုံး website ဖြစ်တဲ့ Myanmar Mobile App website ရဲ့ဖြစ်ပေါ်လာပုံလေးကို မသိသေးသူတွေအတွက်ရည်ရွယ်ရေးသားလိုက်ပါတယ်။-------------------------------------------------------------------------- ကျွန်တော်ဟာ ကွန်ပျူတာတက္ကသိုလ် ဒုတိယနှစ်ကစပြီး blog တွေwebsite တွေ လုပ်ရတာကို အရမ်းဝါသနာပါတဲ့ ကျောင်းသားလေးတစ်ယောက်။-ဖုန်းကို နည်းနည်းပါးပါး လျှောက်ကလိတတ်ရုံကလွဲပီး advance level ပိုင်းကိုဘာမှမသိသေးတဲ့ ကွန်ပျူတာကျောင်းသားလေးတစ်ယောက် ။ - iOS & Android ဆိုတာကြီးကို မရင်းနှီးသေးတဲ့အချိန်- Android ဆိုတာ မြန်မာပြည်မှာ အနည်းငယ်ခေတ်စားစ ပြုလာတဲ့အချိန်အထိ Android ဆိုတာဘာမှန်းမသိသေးခဲ့ပါဘူး- Android ထဲမှာပါတဲ့ ဆော့ဝဲဆိုတာ အိုင်ဖုန်းမှာပါတဲ့ ဆော့ဝဲတွေလိုပဲ ဆိုတာလောက်ပဲ သိတဲ့အချိန် (iPad ထဲက fruit ninja က Android မှာလည်းရှိတယ်ဟ :P ။ အဲလိုမျိုး )
- အိုင်ပတ်လေးတစ်လုံး အိမ်က၀ယ်ပေးတယ်။ ဂိမ်းကစားဖို့ :) ။ iOS ဆိုတာဘာမှန်းတောင်မသိသေးပါဘူး ။ ဆိုင်မှာ ဆော့ဝဲသွားသွင်းတော့ ဆိုင်က ပြောတဲ့ ဝေါဟာရတွေ နားမလည်သေးတဲ့အချိန် ။ ဘာတဲ့ jailbreak လုပ်ရမှာတဲ့ ။ ဘာတဲ့ Greenpois0n နဲ့လုပ်ရမှာတဲ့ :) ။ jailbreak လုပ်လိုက်ရင် ငါ့စက် ပုံများနည်းနည်းပျက်သွားလေမလား (အဲလိုတွေးခဲ့တာ)- တက္ကသိုလ် hons တန်းပြီးခါနီးကျတော့ ငါကျောင်းတောင်ပြီးတော့မယ် ငါ ၀ါသနာပါတဲ့ website လုပ်တာလေးနဲ့ အကျိုးရှိအောင် website လေးတစ်ခုလုပ်ရင်ကောင်းမယ်လို့စဉ်းစားမိတယ်။ စဉ်းစားတုန်းပဲရှိပါသေးတယ်။- အဲလိုတွေးနေတဲ့အချိန်မှာ huawei C8600 Android ဖုန်းလေးတစ်လုံးကို ၀ယ်ကိုင်ခဲ့တယ်။ (Android တွေစတင်ခေတ်စားလာတဲ့အချိန်)- ဆိုင်က ဖုန်းဝယ်တော့ မြန်မာစာထည့်ချင်လားတဲ့ ။ ထည့်ချင်တယ်လို့ပြောတော့ root လုပ်ရမယ်တဲ့ ။ ဟင်... root လုပ်တယ်ဆိုတာ ဘာကြီးလဲ ။?? :)- အဲဒီကစပြီး ကိုယ့်ကို နားမလည်ပါးမလည်ဖြစ်နေစေတဲ့ Mobile Term ဝေါဟာရတွေအကြောင်း ၊ သူတို့ကိုလုပ်နည်းတွေကို သိချင်စိတ်တွေ အရမ်းပြင်းပြလာခဲ့တယ်။ ဖုန်းနဲ့ပတ်သက်ပြီး စိတ်တွေမသိမသာ အရူးအမူးဖြစ်လာခဲ့တယ်ပေါ့။- အဲဒီနောက်မှာတော့ ဖုန်းနဲ့ပတ်သက်ပြီးသိချင်တာလေးတွေကို အင်တာနက်ကနေ ရှာပါတယ်။ ကိုယ့်ဖုန်းကို စမ်းသပ်ပါတယ်။မှတ်မှတ်ရရ အဲဒီကာလတုန်းက ဖုန်းနဲ့ ပတ်သက်တဲ့ မြန်မာ website ဆိုလို့ မျိုးမြန်မာ လို့ခေါ်တဲ့ site တစ်ခုပဲရှိသေးတဲ့အချိန်ပါ။ အခုတော့ အဲဒီ site ကမရှိတော့ပါဘူး။ ဒီ site တွေဟာ Android နဲ့ပတ်သက်ပြီး စသိစေခဲ့တဲ့ကျနော့်ရဲ့ သင်ဆရာ ၊မြင်ဆရာလို့ပြောရင်လည်းမမှားပါဘူး။- ဒါနဲ့ပဲ ကျောင်းပြီးဖို့ နှစ်လလောက်အလိုမှာ စိတ်ထဲမှာရည်ရွယ်ထားတဲ့အတိုင်း website လေးတစ်ခုလုပ်ဖို့ကို ပြန်စဉ်းစားခဲ့ပါတယ်။ ဒီတစ်ခါတော့ ဖုန်းကလိရတာရူးလာချိန်ဆိုတော့ iOS,Android ဖုန်းဆော့ဝဲလေးတွေ မြန်မာလိုရှင်းပြပြီးတင်ပေးဖို့ website လေးတစ်ခုလုပ်ဖို့စဉ်းစားမိတယ်။ Website နာမည်ကို အမျိုးမျိုးစဉ်းစားမိရာက နောက်ဆုံးတစ်ခုကိုရွေးချယ်ပြီးပေးလိုက်တယ်။ "Myanmar Mobile App Store" .... ။ ကိုယ့်လိုပဲ မသိသေးတဲ့ ဘ၀တူ mobile users တွေကို ကိုယ်သိသလောက်လေးတွေ မျှဝေပေးဖို့ ရည်ရွယ်ချက်နဲ့အဲဒီ site လေးကိုစလုပ်ဖြစ်ခဲ့တယ်။ -Blog သေးသေးလေးအဆင့်ပေါ့။- တစ်နေ့ကို လူ သုံးဆယ်လောက်ဝင်ရင်ကိုပဲ ကိုယ့် site ထဲလူဝင်များလာပြီလို့ပျော်နေရတဲ့အချိန် :)- ညီနေမင်းရဲ့ site ကိုဝင်ကြည့်ဖြစ်တော့ သူတို့ရဲ့ site က တစ်နေ့ကိုလူနှစ်ထောင်လောက်ဝင်နှုန်းရှိနေတဲ့အချိန် ။ ညီနေမင်းရဲ့ website ကိုအားကျမိကြောင်းပြောတော့ ညီနေမင်းက ပြောပါတယ်။ လူဝင်များ လူသိများတဲ့ website တစ်ခုဖြစ်လာအောင် ၂ နှစ်လောက်တော့ အချိန်ယူရမယ်တဲ့။- အဲ.. website ထဲမှာ ဖုန်းဆော့ဝဲလေးတွေကို မြန်မာလိုရေးပြီးတင်ပေးနေပေမယ့် ။ အောက်မှာ comment လာပေးတဲ့သူတစ်ချို့က ဖုန်းနဲ့ပတ်သက်တဲ့ software service တစ်ချို့ကို လာလာမေးကြတယ်။ နိုကီရာဖုန်းမှာမြန်မာလိုထည့်ချင်လို့ပါ တို့ ဘာတို့ပေါ့။ ဒါနဲ့ သူငယ်ချင်းတွေရဲ့ ဖုန်းတွေကိုခဏငှား ၊ internet ကနေ nokia ဖုန်းရဲ့ sytem font အစားထိုးနည်းမျိုးကိုရေးထားတဲ့ အင်္ဂလိပ် site တွေကနည်းကိုနမူနာယူပြီး မြန်မာဖောင့်နဲ့အစားထိုးကြည့် ။ စမ်းတာအောင်မြင်တော့ ပို့စ်အနေနဲ့ စတင်ဖြစ်တယ်။ ဒီလိုနဲ့ Myanmar Mobile App site လေးမှာ ကျူတိုရိရယ် ကဏ္ဍ စပြီးပါလာခဲ့တယ်။ ကိုယ်တိုင်လည်း ဆော့ဝဲဆားဗစ်လေးတွေနဲ့ပတ်သက်လို့ ဒီလိုနဲ့ပဲသိလာခဲ့ရတယ်။ အင်တာနက်ဟာ ကိုယ့်ရဲ့ဆရာပါပဲ။- website လေးကို လူဝင်နှုန်းလေးတွေတက်လာအောင်လို့ ဖေ့ဘုတ်ပေါ်မှာ ဟိုမှာဝင်ရှဲ ၊ ဒီမှာဝင်ရှဲလုပ်ခဲ့ရတဲ့အချိန်ကာလလေးပေါ့။- အဲဒီနောက်မှာတော့ site လေးထဲ မေးလာတာလေးတွေကို ဖြေရှင်းပေးနိုင်ဖို့ သူတို့မေးလာတာလေးတွေကို ကိုယ်က ရှာ။ စမ်းသပ် ၊ ပို့စ်တင် ။ ဒီလိုနဲ့ ဖုန်းနဲ့ပတ်သက်ပြီး တဖြည်းဖြည်း ကျွမ်းကျင်လာခဲ့တယ်။ users တွေဟာ ကိုယ့်ရဲ့ဆရာတွေပါပဲ။ သူတို့ပြောမှ ကိုယ်က သိပြီး နည်းကိုရှာရတာကိုး ။- စာမေးပွဲ final ဖြေနေရတဲ့ညတွေမှာတောင် စာမကြည့်ဘဲ ယူဇာတွေမေးတာတွေဖြေပေးနိုင်ဖို့ ဖုန်းကလိပြီး ပို့စ်တင်၇လောက်အောင်ကို မိုဘိုင်းအပေါ်မှာရူးသွပ်ခဲ့ပါတယ်။-အဲဒီအချိန်တုန်းက မြန်မာ ဖုန်းwebsite တွေက မရှိသလောက်ကိုရှားနေတဲ့အချိန်ဆိုတော့ ကျွန်တော့် site လေးက ဂျာနယ်တစ်ချို့မှာ ဖော်ပြခံလာရတယ်။ ဒါကလည်း Myanmar Mobile App site ကိုအောင်မြင်လာစေမယ့် အကြောင်းအရင်းထဲက တစ်ချက်ပါပဲ။- အဲဒီနောက်မှာတော့ ဖုန်းလောကထဲကိုရောက်မှန်းမသိရောက်လာခဲ့တယ်။ ကျွန်တော်နဲ့စသိကျွမ်းခဲ့တဲ့ ဖုန်းလောကသားတစ်ယောက်ရလာခဲ့တယ်။ သူက website မှာဝင်ရေးခဲ့ပါတယ်။ Myanmar Mobile App ရဲ့ 1st gereration author တစ်ယောက်လို့တောင်ပြောလို့ရတယ်။ သူကတော့ အီးတီ ဆိုတဲ့ nick name နဲ့ဝင်ရေးသူပေါ့။- အဲဒီနောက်မှာတော့ website လေးက တဖြည်းဖြည်းနဲ့ လူသိများလာခဲ့ပါတယ်။ ဖုန်းနဲ့ပတ်သက်တဲ့ပို့စ်တွေဟာလည်း တဖြည်းဖြည်းနဲ့ ပိုစုံလာပါတယ်။- online ပေါ်မှာတင်မဟုတ်ဘဲ ဘားကမ့်လိုပွဲတွေမှာပါလိုက်ပြီးမိုဘိုင်းနဲ့ပတ်သက်ပြီး အသိပညာပေး camp လေးတွေသွား ပြော ၊ ဆားဗစ်လေးတွေလုပ်ပေး ။ ဒီလိုနဲ့ လေးငါးခြောက်လလောက်ကြာလာတော့ website ကလည်း တစ်နေ့ကို လူ တစ်ထောင်လောက် ၀င်နှုန်းရှိတဲ့အခြေအနေဖြစ်လာတယ်။ - website လေးစတင်ခဲ့တာ တဖြည်းဖြည်း လတွေကြာတဲ့အလျှောက် ဖုန်းလောကသားတစ်ချို့ ရဲ့ သိသိသာသာ မသိမသာ တိုက်ခိုက်မှုတွေ ၊ personal ထိပါးပြောဆိုမှုတွေကြောင့် စိတ်ဓာတ်ကျဖို့အ၇မ်းကောင်းတဲ့အချိန်တွေလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့် user တွေအဆင်ပြေဖို့သာအဓိက လို့စိတ်မှာထားပြီး ကိုယ်လုပ်စရာရှိတာကို ဆက်လုပ်ခဲ့တယ်။Website ဟာလည်း တဖြည်းဖြည်းကြီးလာခဲ့တယ်။ ပိုပြီး လူသိများလာတယ်။ တစ်နေ့ကို website ကိုလူဝင်နှုန်း လေးထောင် / ငါးထောင်ခန့် ၀င်နှုန်းရှိလာတယ်။- ဖုန်းနဲ့ပတ်သက်တဲ့ ညီအကိုမောင်နှမတစ်ချို့ကို ထပ်ရမယ့် အချိန်လို့လည်းပြောလို့ရပါတယ်။ MMAS fb fan page မှာ ဆော့ဝဲတွေကိုလာလာတင်နေတဲ့သူ ၊ ယူဇာတွေမေးတာကိုလည်း အဲဒီတစ်ယောက်က ၀င်ဝင်ဖြေပေးနေတဲ့သူ နှစ်ယောက်ကိုတွေ့တယ်။ သူတို့ကိုလည်း Myanmar Mobile App Website မှာ ပါဝင်ရေးပေးဖို့ဖိတ်ခေါ်ခဲ့ပါတယ်။ အဲဒီသူတွေကတော့ ကိုမျိုး ၊ မပိုးညို နဲ့ ကိုကစ်ကျော်တို့ပါ သူတို့က MMAS website ရဲ့ second generation author တွေလို့ပြောလို့ရပါတယ်။ အခုထိလည်းရေးနေကြဆဲပါပဲ။- အဲဒီနောက်မှာတော့ MMAS က user တွေ ၊ visitor တွေကို တစ်စုတစ်စည်းတည်း ရင်းနှီး ဆွေးနွေးပြောဆိုနိုင်ကြဖို့ ရည်ရွယ်ပြီး facebook group တစ်ခုကိုစလုပ်ခဲ့ကြပါတယ်။ အဲဒီ group ကတော့ Myanmar Mobile Users Group ပေါ့။ ဒီဂရုလေးက အရမ်းကိုနွေးထွေးပြီး ယူဇာအချင်းချင်းခင်မင်မှုတွေလည်းတိုးစေခဲ့ပါတယ်။ အရမ်းလည်း active ဖြစ်တဲ့ group တစ်ခုပါ။ တစ်ချို့သဘောထားမတူသူတွေကလည်း ဒီဂရုကနေ သီးသန့်ခွဲထွက်ပြီး ဂရုတွေ အသီးသီးခွဲထွက်သွားခဲ့ကြတာတွေလည်းရှိတယ်။- ဒီလိုနဲ့ဖုန်းလောကထဲကိုရောက်မှန်းမသိရောက်နေတဲ့ ကျွန်တော်နဲ့ အတူ ၀ါသနာတူညီအကိုမောင်နှမတွေ စုပေါင်းမိနေတဲ့ MMAS/MMUG ဟာ အွန်လိုင်းမှာရော အပြင်မှာပါ end-users များကို မိုဘိုင်းအသိပညာဝေမျှခြင်း ၊ မိုဘိုင်းဆိုင်ရာဆွေးနွေးပွဲ camp များပြုလုပ်ရင်းနဲ့ အချိန် တစ်နှစ်ခွဲခန့်ကြာမြင့်ခဲ့ပါပြီ။ - site ဟာလည်း တစ်နေ့ကို လူ တစ်သောင်းလောက် ၀င်နှုန်းရှိတဲ့အနေအထားကို ရောက်လာပါပြီ ။ MMAS ကို အားပေးတဲ့ users တွေရှိနေသရွေ့ MMAS က ရှိနေဦးမှာပါ။ End Users အသိကနေစခဲ့တဲ့ ဒီ website ဒီ group ဟာ နောင်လည်း မသိသေးတဲ့ users တွေ သိလာအောင် လက်တွဲခေါ်နေဦးမှာပါ......
Credit : Thet Naing Soe MMUG
သဘောကျတယ် bradda ..!
ReplyDeleteစေတနာကောင်းကောင်းထားတဲ့အတွက်ကံကောင်းမှာပါ ...
ဒီစာကို ဖတ်ပီး ပီတိဖြစ်ရပါတယ်။
ReplyDeleteဒီထက် အစပေါင်းများစွာ အောင်မြင်ပါစေ။
အကိုခင်ဗျ ကွန်တော်လည်း Myanmar Mobile App website အဖွဲ့ဝင်တစ်ယောက်ဖြစ်ချင်ပါတယ် ဘယ်လိုဝင်ရမလဲသိချင်လို့ပါ
ReplyDeleteအကိုရဲ့ ရည်မုန်းချက်တွေ ပြည့်ဝ ပါစေဗျာ။။။။ အရမ်းကျေးဇူးတင်ပါဗျာ။။
ReplyDeleteI love MMA..WE always love MMA
ReplyDeleteဝင်ရတာအရမ်းကြာတယ်
ReplyDeleteကျေးဇူးတင်ပါတယ် MMAS အောင်မြင်မှာပါ ဗျာာ ခုလည်းအောင်မြင်ပါစေ နောင်လည်းဒီထက်မက အဆပေါင်းများစွာအောင်မြင်ပါစေ
ReplyDeleteကျေးဇူးတင်ပါတယ်ဗျာ... ဒီ site ဟာ ကျတော့်အတွက်တော့ သင်စရာ၊ မြင်စရာ site လို့ပြောရင်မမှားပါဘူးဗျာ... ကျတော်တို့လို Android ကိုလေ့လာနေသူတွေ အတွက်ကတော့ ဒီ Myanmar Mobile App Store ဆိုတဲ့ site လေးကိတော့ မရှိမဖြစ်လို့ ဆိုရင်လဲရပါတယ်ဗျာ... အစဉ်အမြဲအားပေးနေပါတယ်... MMAS Site လေး အစဉ်အမြဲ တည်ရှိနေပါစေလို့ ဆန္ဒပြုလိုက်ပါတယ်ဗျာ...
ReplyDeleteလေးစားပါတယ် အကိုသစ်ဆန်းခန့်.. :)
ReplyDeleteအရမ်းအားကျတာပဲ။ကျွန်တော်လဲအကိုတို့လိုဖြစ်ချင်ပါတယ်။ဒါပေမယ့်ကျနော်ကအကိုတို့လိုcomတက္ကသိုလ်တို့ဘာတို့မတတ်ဖူးတော့နည်းနည်းအခက်တွေ့နေရပါတယ်။ဒါပေမယ့် အကိုတို့ကျေးဇူးတွေကြောင့်ဟိုကလိဒီကလိတော့တတ်နေပါပီ။ အကိုတို့ ကိုအမြဲလေးစားလျက်ပါ ခင်ဗျာ...
ReplyDeleteဲ့Jhon:အားပေးလျက်ပါ..အကိုရေ..ဆက်လက်အောင်မြင်ပါစေ...။
ReplyDeleteဘုရားကပစ်မထားပါဘူး မနက်၁၁ည နေ ၄ နာရီထီသာရတဲ့ရပြန်တော့လည်း၃မိုင်းထဲ ရွှေကူ ကချင်မြေ မှအားပေးလျှက်
ReplyDeleteဒီစာကိုဖတ်ပြီးတကယ်အားတက်မိပါတယ်။Andriodအကြောင်းကိုစိတ်ဝင်စားပြီးဘယ်ကစရမှန်းမသိလို့ပါ။တကယ်ကျေးဇူးတင်ပါတယ်
ReplyDeleteစကားမစပ် ဒါနဲ့ အကို့အသက်ဘယ်လောက်ရှိပြီလဲ အမှန်အတိုင်းနော်
ReplyDeleteသေချာသောအကောင်မွန်ဆုံးအလုပ်တစ်ခုနဲ့အမွန်မြတ်ဆုံးစေတနာပါပဲ
ReplyDeleteအားမရလို့ထပ်ပြီးပြောပါရစေေးစားထိုက်တဲ့သူတစ်ယောက် အားကျအနုယူသင့်ပါတယ်
ReplyDeleteကျေးဇူးတင်ပါတယ်...အားလည်းကျမိပါတယ်....ဖြစ်နိုင်မယ်ဆိုရင် Games အသစ်ကလေးတွေ တွေ့တဲ့အခါ ကျွန်တော်ပြန်မျှဝေပေးချင်ပါတယ်ခင်ဗျာ...ဒါပေမဲ့ အကို website ကို ဘယ်လိုပို့ရမယ်ဆိုတာ မသိသေးပါဘူး...ကူညီပေးစေချင်ပါတယ်...
ReplyDeleteMMAS Website နောင် နှစ်ပေါင်း..................
စည်းလုံး တည်ရှိနေပါစေ.....
thanks
ReplyDeleteကောင်းသထက်ကောင်းပြီး ပိုမိုအောင်မြင် တိုးတက်
ReplyDeleteပါစေလို့ ။
လေးစားပါတယ် အကိုသစ်ဆန်းခန့်.. :)
ReplyDelete