နောက်ဆုံးတင်ခဲ့သမျှတွေကိုလေ့လာနိုင်ပါတယ်

မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေလို့ နှုတ်ခွန်းဆက်သလိုက်ပါတယ်.. သစ်ဆန်းခန့်ဆိုဒ်မှ နည်းပညာများကို နှစ်သက်သလိုလေ့လာတောင်းဆိုနိုင်ပါတယ်.. အသေးစိတ်သိုရှိလိုပါက ...ဖုန်း.. 09-421016108 သို့ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း Email mr.thitsankhant@gmail.com ဖြစ်ပါတယ် ။

Monday, May 20, 2013

Phone ငွေဖြည့်ကဒ် Crack လုပ်နည်း ( EBook - မြန်မာလို )

 http://sphotos-a.ak.fbcdn.net/hphotos-ak-ash3/p526x296/576759_184452025043156_690245341_n.jpg
ကျွန်တော်ရဲ့ အချစ်ဆုံးညီငယ်လေးတစ်ယောက်ဖြစ်တဲ့ မင်းစိုးရာဇာရေးသားသည့် Phone ငွေဖြည့်ကဒ် Crack လုပ်နည်း စာအုပ်လေးဖြစ်ပါတယ်..ကျနော်တို့ဟာ လူငယ်တွေပါ..လူငယ်တွေပီပီ နည်းပညာကို
စိတ်ဝင်စားတဲ့အတွက် အမြဲတမ်း နည်းပညာရဲ့အားနည်းချက်အားသာချက်တွေကိုရှာဖွေနေပါတယ်.
အထူးသဖြင့် မြန်မာနိုင်ငံသားတွေဖြစ်တဲ့အတွက် ကိုယ်နိုင်ငံရဲ့ နည်းပညာအားနည်းချက်အားသာချက်တွေ
ကိုအမြဲတမ်းရှာဖွေလေ့လာနေပါတယ်..အခုဖုန်းဘေ Hack လုပ်နည်းကလဲ ကျနော်တို့အနေနဲ့ လုံးဝ Complete သိထားပြီးသားဖြစ်ပါတယ်.သို့သော်..မသမာသူတွေလက်ထဲကိုရောက်သွားမှာစိုးတဲ့အသိနဲ့
ဝှက်ဖဲလေးတွေလုပ်ပြီးတော့ သိသူဖော်စား မသိသူကျော်သွားသဘောနဲ့ သင်ပေးနေတာပါ..ဒီစာအုပ်လေး
တွေကိုလုပ်ဖို့ ကျနော်တို့အနေနဲ့ စိန်ခေါ်မှုအချို့ကိုရင်ဆိုင်ခဲ့ရပါတယ်..ဒါပေမယ့် လုံးဝမကြောက်ပါဘူး..
ကိုယ်သိကိုယ်တတ်တာကို အများကိုဝေမျှပေးချင်တဲ့သဘောပါ..နည်းပညာဟူသည်ဆိုးဆိုးကောင်းကောင်း
ပြန်လည်ဝေမျှပေးရပါမယ်...ကောင်းသည် ဆိုးသည်ကတော့ အသုံးချသူရဲ့စိတ်ပေါ်မှာ မူတည်နေပါတယ်
ကဲ...လေကြောရှည်သွားပြီ...လေ့လာလိုသူများ Download ပြုလုပ်နိုင်ကြပါပြီ..နောက်များမှာလည်း
လေ့ကျင့်ခန်းလေးတွေတင်ပေးသွားပါ့မယ်....

Download=>Link 1 / Link 2

If u like my post,please visit at www.mmithelper.blogspot.com

Sunday, May 19, 2013

Android မှာ ကိုယ်ပွားလေးတွေဖန်တီးပေးမယ့် app တစ်ခု



ဒီ app လေးက အရမ်းမိုက်တယ်ဗျာ computer မှာ photoshop နဲ့ အလုပ်ရှုပ်စေနိုင်မယ့်
ပုံလေးတွေကို အလွယ်တကူ ဖန်တီးပေးနိုင်ပါတယ် ကိုယ်ပွားပုံတွေကို ဖန်တီးချင်သူတွေ
အတွက် လုံးဝအကြိုက်တွေ့မှာပါ background ကတော့ အမျိုးမျိုးပြောင်းမရပါဘူး
background တစ်နေရာထဲမှာ ပုံစံမျိုးစုံရိုက်ပြီး ပေါင်းစပ်နိုင်တယ်လို့ အလွယ်ပြော
လို့ရပါတယ် အောက်ကပုံလေးတွေကို ကြည့်လိုက်အုံးနော် ကြိုက်ရင်ဒေါင်း
ဖိုင်ဆိုဒ်တော့များတယ် 40MB တောင်နော်

Wednesday, May 15, 2013

ဥပဒေစာအုပ်များစုစည်းမှု


 

ဥပဒေစာအုပ်တွေကို သည်လို တနေရာတည်းပေါင်းစုပြီး မျှဝေလိုက်ပါတယ်... လိုခင်ြသူများလည်းအဆင်ပြေစေဖို့ အတွက်.. ရှာဖွေစုဆောင်းပြီး  ပြန်လည်မျှဝေခြင်းပါ.. ဘလော့ကာ မိတ်ဆွေ  မောင်ပေါက်  ဆီကနေ  သူတင်သမျှ ပြန်လည် စုဆောင်းထားပြီး ခုလို အများအတွက် တဖန်မျှဝေ
လိုက်ရခြင်းဖြစ်ပါတယ်...အဆင်ပြေကြပါစေ...

  *********************************************************

Eset NOD32 Anti Virus 6.0.308.0 Full Version Plus Free Serial Key ( 64 MB )



 Eset NOD32 Anti Virus ကိုမှကြိုက်သူများအတွက် Version အသစ်နဲ့အတူ Serial Key တွေကိုပါ တင်ပေး
လိုက်ပါတယ်...အဆင်ပြေကြပါစေခင်မျာ


Download Serial Key => Link 1 / Link 2

File Information

File Name: ESET NOD32 AntiVirus 6.0.308.0
File Size: 63.70MB (66,797,056 bytes)
Requirements: Windows 2000 / XP / Vista / Windows7 / Windows8
Home Page: www.eset.com



Sunday, May 12, 2013

မိမိစက်မှာ တင်ထားတဲ့ Antivirus ကောင်းကောင်း အလုပ်လုပ်လား မလုပ်လား စစ်ဆေးနည်း

ကဲ...မိမိတို့ရဲ့စက်မှာ တင်ထားတဲ့ Antivirus ဟာ Virus တွေကို ကောင်းကောင်းစောင့်ကြည့်ပြီး ဖျက်ဆီးပေးနိုင်ရဲ့လား ဆိုတာစစ်ဆေးမယ့်နည်းလမ်းလေးပါ..ဘယ်လို စစ်ဆေးမလဲဆိုရင် Notepad
နဲ့ Bat Files လေးတစ်ခုရေးပါမယ်..အရင်ဆုံး အောက်မှာပေးထားတဲ့ ကုဒ်တွေကို Notepad ထဲသို့ကူးထည့်
လိုက်ပါ.

X5O!P%@AP[4\PZX54(P^)7CC)7}$EICAR-STANDARD-ANTIVIRUS-TEST-FILE!$H+H*

Notepad ထဲသို့ကူးထည့်ပြီးပြီဆိုရင် virustest.bat ဆိုပြီး နာမည်ပေးကာ Desktop ပေါ်သို့ Save လုပ်ပါ
( virustest.bat လို့နာမည်ပေးရမှာနော်.. virustest.txt ဆိုပြီးနာမည်ပေးရမှာမဟုတ်ပါဘူး ) .. Save 
လုပ်ပြီးလို့ ခဏအတွင်းမှာဘဲ မိမိရဲ့ Antivirus ဟာ Desktop ပေါ်မှာ Save လုပ်ထားတဲ့ virustest.bat ဆိုတဲ့
ဖိုင်ကို Virus Files အဖြစ် သတိပေးပြီး သတ်ပစ်ခိုင်း / သတ်ပစ်ပါလိမ့်မယ်..ဒါဆိုရင်တော့ မိမိရဲ့ Antivirus
ဟာ ကောင်းကောင်းအလုပ်လုပ်တယ်လို့သတ်မှတ်နိုင်ပါတယ်..အားလုံးဘဲ ဗဟုသုတ တိုးပွားကြပါစေခင်မျာ... :-) 

If you like my post , please visit at www.mmithelper.blogspot.com (Myanmar IT Helper )